How to Solve XAMPP Errors

 Web Development Learners တွေကိုအရမ်းဒုက္ခပေးတဲ့ အကောင်ကို အခုရှင်းပီ 😎😎😎

ကျွန်တော် တို့ Web Development လောကမှာ Apache Web Server နဲ့ MySQL ကို သုံးတဲ့ Developer တွေတော်တော် များများက XAMPP ကို သုံးဖူးကြပါတယ်။ ဒီမှာ XAMPP ဆိုတာဘာလဲ ကို မပြောတော့ပါဘူး၊ XAMPP Software Error ကိုဘယ်လို ရှင်းမလဲပဲ ရေးချင်တာပါ။

XAMPP ကိုသုံးတဲ့ နေရာမှာ Developer ဖြစ်ပြီးသားသူတွေက တော့ XAMPP Error ဖြစ်နေပြီးဆို ရင် ကိုယ့်ဘာသာ ဖြေရှင်းတတ်ကြပါတယ်။
ဒါပေမဲ့ အခုမှ Web Development ကိုလေ့လာနေတယ်၊ XAMPP ကိုသုံးနေတုန်းမှာ ပဲ တစ်ခြား software တွေကို ထည့်လိုက်လို့ port error တွေဖြစ်သွားတတ်တယ်။

အာ့ချိန်မှာ ဘာလုပ်ရမလဲ မသိလို့ ကျွန်တော့ကို လာမေးတဲ့ ညီတွေ ညီမတွေလည်းရှိတယ်။ အဲဒါကြောင့် သူတို့ကို ဒီ article လေး share လို့ရအောင်ရေးပေးလိုက်တယ်ပေါ့၊ :)

## when apache port error occurs, do this

XAMPP Software မှာပါ၀◌င်တဲ့ Apache port error ဖြစ်ရင်တော့ ဒီလိုလေးလုပ်ပါ။ အချက်(၂) ချက်ပြုလုပ်ရပါမယ်။

! important
- ပထမဆုံး XAMPP Software ကို Run as administrator နဲ့ ဖွင့်ပေးဖို့တော့လိုပါတယ်။ ပြီးရင် ...

အောက်မှာ မြှားလေးနဲ့ ပြထားတဲ့ အတိုင်း click နိမ့်​ ပြီး သွားပေးပါ။
ပထမချက်။ ။
- xampp -> config -> apache (httpd.conf)
- apache (httpd.conf) ကို နိမ့်လိုက်ရင် notepad software နဲ့ပွင့်လာမယ်၊ အဲ့ဒီမှာ Listen နဲ့ ServerName ကိုရှာပါ၊
- သူတို့အနားမှာ Default အနေနဲ့ 80 ရှိနေပါမယ်၊ အာ့တာကို 8080 (8080 မရရင် 8081, 8082, etc) လို့ပြောင်းပေးပါ။ အောက်ပါအတိုင်းလုပ်ပေးပါနော်။...

# ပထမနေရာ
Listen 80 (ဒီလိုကနေ)
Listen 8080 (ဒီလိုပြောင်းပေးပါ)

# ဒုတိယနေရာ
ServerName localhost:80 (ဒီလိုကနေ)
ServerName localhost:8080 (ဒီလိုပြောင်းပေးပါ)

ဒုတိယချက်။ ။
## then setting up some Config as below
အောက်မှာ မြှားလေးနဲ့ ပြထားတဲ့ အတိုင်း click နိမ့် ပြီး သွားပေးပါ။
- xampp -> config -> service and port settings
- service and port settings လေးကို နိမ့်ပြီးရင် apache ဆိုတဲ့ tag, main port အောက်မှာ 80 ကနေ 8080 လို့ပြောင်းပေးပါ။
- ပြီးတော့ XAMPP Software ကနေ Apache ကို stop & start ပြန်လုပ်ပေးပါ အဆင်ပြေသွားမှာပါ။
- ဒါပေမဲ့တစ်ခုတော့ရှိတယ် Browser ကနေ phpMyadmin ကိုသွားရင်အရင်ကလိုမျိုး
- localhost/phpmyadmin လို့ရိုက်ထည့်လို့မရတော့ပါဘူး။
- localhost:8080/phpmyadmin လို့သွားပေးရမှာပါနော်

## when mysql port error occure, do this

XAMPP Software မှာပါ၀◌င်တဲ့ MySQL port error ဖြစ်ရင်တော့ ဒီလိုလေးလုပ်ပါ။ အချက်(၃) ချက်ပြုလုပ်ရပါမယ်။
အောက်မှာ မြှားလေးနဲ့ ပြထားတဲ့ အတိုင်း click နိမ်းပီးသွားပေးပါ။
ပထမချက်။ ။
- OS (C:) -> xampp -> mysql -> bin -> my.ini
my.ini ကို နိမ့်လိုက်ရင် notepad software နဲ့ပွင့်လာမယ်၊ အဲ့ဒီမှာ Client နဲ့ Server ကိုရှာပါ။
ပြီးရင် အောက်ပါအတိုင်းလုပ်ပေးပါနော်။.
# ဒီလိုကနေ
[client]
# password       = your_password 
port=3306 👈

# The MySQL server
default-character-set=utf8mb4
[mysqld]
port=3306  👈

# ဒီလိုပြောင်းပေးပါ
[client]
# password       = your_password 
port=3307    👈

# The MySQL server
default-character-set=utf8mb4
[mysqld]
port=3307    👈

ဒုတိယချက်။ ။
- xammp -> config -> phpmyadmin(config.inc.php)
phpmyadmin(config.inc.php) ကို နိမ့်လိုက်ရင် notepad software နဲ့ပွင့်လာမယ်၊ အဲ့ဒီမှာ $cfg['Servers'][$i]['host'] = '127.0.0.1'; ကိုရှာပါ။
ပြီးရင် အောက်ပါအတိုင်းလုပ်ပေးပါနော်။...

# ဒီလိုလေးကနေ
$cfg['Servers'][$i]['host'] = '127.0.0.1';
# ဒီလိုလေး ပြောင်းပေးပါ (default port ကတော့ 3306 ဖြစ်ပါတယ်၊ 3307, 3308, 3309 ဒီလိုလေးတွေပြောင်းလို့ရပါတယ်။)
$cfg['Servers'][$i]['host'] = 'localhost:3307';

တတိယချက်။ ။
## then setting up some Config as below
အောက်မှာ မြှားလေးနဲ့ ပြထားတဲ့ အတိုင်း click နိမ်းပီးသွားပေးပါ။
- xampp -> config -> service and port settings
- service and port settings လေးကို နိမ့်ပြီးရင် MySQL ဆိုတဲ့ tag, main port အောက်မှာ 3306 ကနေ 3307 လို့ပြောင်းပေးပါ။
- ပြီးတော့ XAMPP Software ကနေ MySQL ကို stop & start ပြန်လုပ်ပေးပါ အဆင်ပြေသွားမှာပါ။

#LoveYouAll
#YeMyintSoeSalai



Comments

Popular posts from this blog