Let's Develop Pretty Websites Using daisyUI (Tailwind CSS Component Library) What are CSS & CSS Frameworks? ဒီ Article ကို CSS, Bootstrap, Tailwind CSS နဲ့ daisyUI တို့အကြောင်းကို အသေးစိတ်သိချင်တဲ့ Developer တွေ ဖတ်သင့်ပါတယ်။ Tailwind CSS နဲ့ daisyUI ကိုဘယ်လို Install လုပ်ပြီး ဘယ်လို အသုံးပြုရမလဲဆိုတာ လည်းအသေးစိတ် ရှင်းပြထားပါတယ်။ Website Template တွေကို CSS နဲ့ Bootstrap ကိုသုံးပြီးရေးနေရတာ ပျင်းနေပြီလား?။ If yes is your answer, read & follow this article :) Developer တွေက Website Template တွေကို CSS ကိုသုံးပြီးရေးကြတယ်၊ ဒါပေမယ့် Design Feature တစ်ခုဖြစ်လာဖို့ CSS Code တွေ တော်တော် ရေးလိုက်ရတယ်။ ဒါကြောင့် CSS အစား CSS Framework တွေသုံးလာကြတယ်။ ဥပမာ Bootstrap တို့ MaterializeCSS တို့လို CSS Framework တွေပေါ့။ CSS Framework တွေဆိုတာ CSS လို လိုချင်တဲ့ Design Feature အတွက် Code တွေ အများကြီးရေးစရာမလိုဘဲ သူတို့ သတ်မှတ်ထားတဲ့ Class Name လေးတွေကို ခေါ်သုံးလိုက်တာနဲ့ အသင့်လုပ်ထားတဲ့ Design Feature လေးတွေ ရရှိလာတဲ့အမျိုးပါ။ ဥပမာ CSS နဲ့ button လှလှလေး...